ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အောင်မြေဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သာသနမာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် အသက်(၅)နှစ်မှ (၁၂)ထိ ကျောင်းသား၊ကျောင်းသူများ (၂၉၀)ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)