အလုံမြို့နယ်၌ အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

အလုံ   စက်တင်ဘာ   

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယနေ့နံနက် ၉နာရီ က အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကွန်တိန်နာဝန်းအတွင်း၌ အခြေခံ လက်လုပ်လက်စား ပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်၊  စားဆီ တစ်ပိသာလျှင် ၅၃၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်() ဗိုလ်မှူး ဌေးကြွယ်၊ အဖွဲ့ဝင်() ဦးမောင်မောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကျော်ကျော်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)