အိမ်မဲ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားမြို့နယ် ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ကျေးရွာများတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်လ.ဝ.က ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျေးရွာအသီးသီးတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ မှန်ကန်စေရန်အတွက် Door to Door စနစ်ဖြင့် ဆောင်ရွက်ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှ ပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို ဆောင်ရွက်ရင်း အိမ်ထောင်စုဇယားမရှိသူများနှင့် အသစ်လဲလှယ်မည့်သူများ၊ နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ အသစ်ပြုလုပ်မည်သူများအား ဆောင်ရွက်ပေးခဲ့ရာ မှတ်ပုံတင်ကတ် (၂၉၉)ကတ်၊ အိမ်ထောင်စုဇယား (၁၈၂)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)