မြို့သစ် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေ ရင်းခွင့်ပြုရန်ပုံငွေကျပ်(၁၂.၀၀၀)သန်းဖြင့် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်၊ ရွှေယင်းမာလမ်း ကတ္တရာ(Seal Coot) လောင်းခြင်းကို စက်တင်ဘာ (၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်ပေ(၉၆၀)ပေ၊ အကျယ် (၁၂)ပေရှိပြီး ရွှေယင်းမာလမ်းကတ္တရာ (Seal Coot)လောင်းခြင်းလုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးအတွက် မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူတို့၏ လူနေမှုဘဝမြင့်မားလာနိုင်ကာ သွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)