ပန်းတောင်းမြို့နယ်ရှိဈေးအတွင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ပန်းတောင်း  စက်တင်ဘာ     ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မင်းရပ်ရပ်ကွက်ရှိ ပန်းတောင်းမြို့နယ် စည်ပင်သာယာစျေး၊ ဝန်လိုရပ်ကွက်လမ်းဆုံ၌ ယနေ့နံနက် (၇:၃၀) အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ဈေးရောင်းချသူများနှင့် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)  စနစ်တကျတပ်ဆင်ကြရန်အတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးချစ်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးအေးကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးဦးမျိုးမင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ ကပစ(၅)မှဗိုလ်ကြီး မျိုးသူဌေး၊ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇော်မျိုးလွင်၊ မြို့နယ်စည်ပင်စျေးတာဝန်ခံ ဦးနေလင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါ်ဆွေဇင်ခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဦးမြင့်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ မင်းရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းတို့က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများမှလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူကြစေရေးနှင့် ပြည်သူများအားလုံး နှာခေါင်းစည်းတပ်ဆင်ကြစေရေး လှုပ်ရှားမှုအဖြစ် Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)