ညောင်ဦး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့်ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဉ်တို့ဖြင့် ဟောပြော ဆွေးနွေးသည်။ ပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်ခန်းမ၌ ပြသထားသည့် သုတ/ရသစာအုပ်များနှင့် နံရံ ကပ်ဘုတ်တို့တွင် ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ပြဘုတ်များ ကြည့်ရှုလေ့လာခြင်း၊ ခုံလုအားကစား ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ