သန်လျင်မြို့၌ အပြည်ပြည်ဆိုင်ရာလေထုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

သန်လျင်    စက်တင်ဘာ   ၈  

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)၏ စီစဉ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သင်းသင်းနုက လေထုညစ်ညမ်းမှုကြောင့် လူသားများ၏ ကျန်းမာရေး၊ ရှင်သန်ရပ်တည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ခြိမ်းခြောက်လျက်ရှိသော အခြေအနေများနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောသည်။

ထို့နောက်တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးကြသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ခံ ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)