တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တိုက်ကြီး      စက်တင်ဘာ    

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပြည်သူများအား ဆန်၊ ဆီ၊ ကြက်စသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ တိုက်ကြီးမြို့နယ်ဈေးရပ်ကွက်မြို့လယ်လမ်း မြို့မဈေးအနီးတွင် ဈေးကားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်နှုန်း၊ ဆီတစ်ပိဿာလျှင် ၅၃၀၀ ကျပ်နှုန်းနှင့် ကြက်တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းတို့ဖြင့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများလာရောက်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)