ကွမ်းခြံကုန်း စင်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က ပညာရေစစ်ကြောင်အနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၅၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲအုပ်သိန်းထွဋ်ကျော်မှ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရမည့်စည်းကမ်းများ၊ မော်တော်ယာဉ်မောင်းနှင်းစဉ် လိုက်နာရမည့်အချက်များ၊ ခြေလျင်လျှောက်သူများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ပညာရေးစစ်ကြောင်းအဖွဲ့ ခေါင်းဆောင် ဦးခင်းမောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
ဆွေနွယ်(IPRD)