ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူ

ပုလော စက်တင်ဘာလ ၈

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကို ယနေ့နံနက် (၁၀) နာရီခွဲက ပုလောမြို့ ဗိုလ်ချုပ်လမ်းမကြီးတွင် စိုက်ထူခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ စိုက်ထူရာတွင် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့ တက်ရောက် ခဲ့ကြောင်း၊ အသိပညာပေးပိုစတာတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် လေပြင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်၊ ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်၊ ရှောင်ရှားရန်နှင့် သတိပြုရန်၊ မိုးကြိုးဘေးအန္တရာယ်အတွက် လျှပ်စီးလက်နေစဉ် နေအိမ်အတွင်းရှိနေစဉ် သိရှိလိုက်နာဆောင်ရွက်ရန်နှင့် နေအိမ်ပြင်ပသို့ရောက်ရှိနေပါက လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားကြောင်း သိရပါသည်။

အေးအေးမော်(ပုလော)