ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ပိုင်ကျုံ   စက်တင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူများက ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက်၊ လှိုင်းဘွဲမြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူး ဦးရင်‌အေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန် ဆုပေးပွဲကို နှစ်စဉ်၊ နှစ်တိုင်း ကျင်းပပြုလုပ်ပေးလျက်ရှိရာ  ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူများ၏ စိတ်ဓာတ်မြှင့်တင်သည့် ခွန်အားများကိုဖြစ်ပေါ်စေပါကြောင်း၊ ကြိုးစား/ အားထုတ်လိုသည့် အသိပညာများ ရရှိကာ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိ စေပါကြောင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများကလည်း ကျောင်းသား/သူများ ယခုထက် ပိုမိုကြိုးစား အားထုတ်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းသား/သူများ အနေဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကြိုးစားကာ မိမိတို့၏ အနာဂတ်လှပရေးကို   ပုံဖော်ဆောင်ရွက်သင့်ပါကြောင်းနှင့်   အနာဂတ်သားကောင်း ရတာနာ ကျောင်းသား/သူများ   ပေါ်ထွန်းစေရေးအတွက် ဆရာ/မများအနေဖြင့် စနစ်တကျ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်း အနားဖြစ်‌ မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ‌ဆောင်ရွက်‌ပေးသူများအား အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်းတန်းအဆင့်ရှိ ကျောင်းသား/ သူများ၊ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် ဘောလုံးအသင်းများနှင့် ဂုဏ်ထူး ရရှိအောင်သင်ကြားပေးသည့် ဆရာ/မများကို တာဝန်ရှိသူများတို့မှ ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)