စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကျောင်းကုန်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနက စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အ‌လေ့အကျင့် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်း ပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က အ.ထ.က အစုကြီး စာသင်ကျောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများက သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များကို ယခင်သီတင်းပတ်က ငှားရမ်းပေးခဲ့သည့် စာအုပ်များအစား စာအုပ်အသစ်များဖြင့် အစားထိုးလဲလှယ်ငှားရမ်းပေးခဲ့သည်။ ဆက်လက်၍ စာအုပ်ငှားရမ်း ပေးရန်ကျန်ရှိသည့် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့လည်း စာအုပ်ငှားရမ်း ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)