ကော့မှူး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကော့မှူး စက်တင်ဘာ ၉

ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှန်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သိရှိနိုင်စေရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဒေဝ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်း(၅)ကြောင်းတို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအား ဘက်ပေါင်းစုံမှကူညီထောက်ပံ့ပေးနေသကဲ့သို့ မိမိတို့အနေဖြင့်လည်း ပြည်သူများသိရှိနိုင်စေရန်နိုင်ငံရေးအခြေအနေမှန်များ၊ ကျန်းမာရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ပြန်/ဆက်