မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ၏  (၇၀) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club) ၏ (၇၀) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။

ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧကထက်(၁၃၇)ဧက ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွား လာစေရန် အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်သြဂုတ်လကုန်အထိ မြို့နယ် အတွင်း မိုးစပါးစိုက်ပျိုး နိုင်မှုမှာ (၆၅၂၄၂) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

မအူပင်ခရိုင် သာသနာ့ဗိမာန်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ် (၄) ရပ်ကွက် မအူပင်ခရိုင် သာသနာ့ဗိမာန်‌‌တွင် ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို အမှတ် ( ၃ / ၄ ) ရပ်ကွက်နေ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ကြရန် (Mask Campaign) ပြုလုပ်ပြီး Booster Dose ထိုးနှံနိုင်ရေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်လမ်းဆုံနေရာများ၊ ဈေးဆိုင်များ၊ ကားဂိတ်၊ စားသောက်ဆိုင်နှင့် ဘက်ဖက်ရည်ဆိုင်တို့၌ ပြည်သူများနှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရာတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က စတင်ကာ ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် အရာတော်မြို့ ရပ်ကွက်များသို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းစင်စေရန်အတွက် ကားဆိုင်ကယ်များ စည်းကမ်းနှင့် အညီ မောင်းနှင်ရန် စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက်   မြို့အဝင်ဂိတ်များ၊ လမ်းမကြီးများတို့တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်မတော်၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က (၇) လမ်းမကြီးတွင် ဆိုင်ကယ်၊ ကားများ စစ်​ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က နတ်မောက်မြို့ တြိဂံလမ်းဆုံ၊ မြို့မစည်ပင်သာယာစျေးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်း ထွန်းတောက် လာစေဖို့ စာသင်ကျောင်းများအရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပြတ်စေရေး အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်း ဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာ ကြည့်တိုက် (Mobile Library) အား ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်းသို့ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
Subscribe to