ညောင်တုန်းမြို့တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချ

ညောင်တုန်း စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်ချက် အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ဆားမလောက်ကျေးရွာ၊ ဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။

ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လှူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်း၍ အိမ်ထောင်စု (၁)စုလျှင် ဆန်(၂)ပြည် ၃၀၀၀ ကျပ်နှုန်း၊ ဆီ(၅၀)ကျပ်သား ၂၅၀၀ကျပ်နှုန်း၊ ကြက်ဥ (၅)လုံး ၈၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သား ၂၀၀ ကျပ်နှုန်းဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၃၀၀)ခန့်အား သက်သာ‌သော ဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့သည်။

မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်‌ရေးအတွက် ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရက်ကွက်/ ကျေးရွာအုပ်စုများသို့ အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)