ဝေါမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

ဝေါ  စက်တင်ဘာ  

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  အေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး ()ကြောင်းဖွဲ့စည်းကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အင်းတိုင်စုကျေးရွာအုပ်စု သာသနာ့ဒီပဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ပဲခူးခရိုင်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ နွားမေထုံမဲ့သားဆက်ခြင်းလုပ်ငန်း၊ ကြက်ဉဖောက်စက်ကို အသုံးပြု၍ ကြက်သားဖောက်နည်းစနစ် ပြသခြင်း၊ နေဗီယာမြက်စိုက်ပျိုးပုံအဆင့်ဆင့်ပြသခြင်း၊ ကျွဲ၊နွား လျှာပွတ်ဆေးဖြစ်သည့် ယူရီယား သကာတုံး ပြုလုပ်ပုံအဆင့်ဆင့်သရုပ်ခြင်း၊ ဆပ်ပြာရည်ထုတ်လုပ်ပုံ  အဆင့်ဆင့်သရုပ်ပြခြင်း၊  EM ဘိုကာရှီပြုလုပ်ခြင်းနှင့် ဆေးရွက်ကြီး၊ ငရုပ်သီးစိမ်းပြုတ်ရည်၊ ကြက်သွန်းဖြူတို့မှ ပိုးသက်ဆေး ပြုလုပ်ပုံတို့ကို လက်တွေ့သရုပ်ပြကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊  နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ် ထောင်စုလူဦးရေစာရင်းများထုတ်ပေးနေမှုများကို ကြည့်ရှုအားပေးကာ  ကျေးရွာနေပြည်သူများအား ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်ဖြင့် ဆန်အိတ်(၄၀)နှင့် စားအုန်းဆီငါးဆယ်သားတစ်ဘူးလျှင် (၂၇၀၀)ကျပ်ဖြင့် ဆီပိဿ(၂၀၀)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

အောင်မြတ်လင်း(ပြန်/ဆက်)