မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်

မရမ်းကုန်း စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် အသိပညာပေးခြင်းကို ယနေ့နံနက် ၉:၃၀ နာရီက အမှတ်(၁)ရပ်ကွက် မြဂန္ဓာမာစျေး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို မရမ်းကုန်းမြို့နယ်၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့၏စီမံမှုဖြင့် စျေးတာဝန်ခံအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား Mask Campaign ဆောင်ရွက်ခြင်း၊ စျေးအတွင်းဆိုင်ခန်းနေရာများနှင့် လမ်းများတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အေးအေးအောင်(ပြန်/ဆက်)