ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေး

ကြည့်မြင်တိုင် စက်တင်ဘာ ၁၀

ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကြည့်မြင်တိုင်မြို့နယ် သရက်​တော​တောင်ရပ်ကွက်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးညီညီ ဦးဆောင်​သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်​နေပြည်သူများအား ဆန် ဆီ၊ ကြက်ဥများ ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ အခြေခံစားသောက်ကုန်များကို ‌ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊  စားဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)