ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပန်းတောင်း   စက်တင်ဘာ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက ကလေးများကျောင်းပိတ်ရက်အားလပ်ချိန်တွင် စာကြည့်တိုက်သို့စာပေများလာရောက်၍ လေ့လာဖတ်ရှုစေရန်နှင့်ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်ရည်ရွယ်၍ လစဉ်ပြိုင်ပွဲများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခြင်းဖြင့် ကျောင်းသား/သူများ ဗဟုသုတရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်လိုရပ်ကွက်မှ ကျောင်သား/သူ(၁၈)ဦးလာရောက်ယှဉ်ပြိုင်ရာ ဆုရရှိသောကျောင်းသား/သူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများကို မြို့နယ်ဦးစီးမှူးက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)