ပင်လုံ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ပင်လုံမြို့ မြို့မဈေးတွင် ပြုလုပ်ခဲ့ပါသည်။
Mask Campaign ဆောင်ရွက်ရာတွင် နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားလာကြသည့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာစေရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ပင်လုံမြို့ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask(၅၀ဝ) အား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)