ဒဂုံတောင် စက်တင်ဘာ ၁၂
ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲမှစတင်ကာ အမှတ်(၇၂)ရပ်ကွက်တွင် ဒေသခံပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ဆန်တစ်ပြည်(၁၆၀၀)ကျပ်၊ ဆီတစ်ပိဿာ(၅၃၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၁၈၀)ကျပ်ဖြင့် တစ်အိမ်ထောင်လျှင်ဆန်(၂)ပြည်၊ ဆီ(၂၅) ကျပ်သား၊ ကြက်ဥ(၁၀)လုံးနှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ကြက်ဥ(၇၀၀)လုံးတို့အား ရောင်းချပေးကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၃၂)ရပ်ကွက်တွင် အလှည့်ကျဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
သန်းသန်းအေး(ဒဂုံတောင်)