ကာလိမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ကာလိ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ယနေ့နံနက်(၉)နာရီ အချိန်တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ကို We Love Karli Facebook Pageတွင် Online မှ တစ်ဆင့်   လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  လွှင့်တင်ဆောင်ရွက်ပြသပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က  အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကာလိနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆန်းလွင်က လူကုန်ကူးမှုအ‌ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွား‌လေ့ရှိသည့် လူကုန်ကူးအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒေများ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ အစရှိသည့် အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းပြောကြား‌ပေးပြီး ပြည်သူများအနေဖြင့် လူကုန်ကူးမှု သံသယဖြစ်ဖွယ်သတင်းများကိုရရှိပါက ဆက်သွယ်အကူညီ‌တောင်းခံရမည့် ဖုန်းနံပါတ်များကိုလည်း ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)