နတ်တလင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၅)စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာနတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦးမှအဖွင့်အမှာစကားပြောကြားခြင်း၊ သာယာဝတီခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းသန့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ နတ်တလင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရဲထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသား(၃၀)ဦးအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ သာယာဝတီခရိုင်စက်မှုလယ်ယာဦးစီးဌာနခရိုင်ဦးစီးမှူး၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၁၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးရဲထွန်းထံမှ သိရသည်။

ဝေယံဖြိုး