မန်တုံ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် လက်ဖက်ပင်ပူဇော်ပွဲကို အမှတ်(၂)ဘုရားကြီးရပ်ကွက်ရှိ သမိုင်းဝင် လွယ်ဆိုင်တောင်ပေါ်ဘုရား၌ နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း စည်းကားတိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ လက်ဖက်ပင်ပူဇော်ပွဲ ကျင်းပရခြင်းမှာ အလောင်းစည်သူမင်းတရားကြီးမှ တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ ဝမ်းစာဖူလုံရန်အတွက် လက်ဖက်မျိုးစေ့ကို ဝေငှပေးခဲ့ပြီး ရှေးလူကြီးများက အစဉ်အဆက် ထိန်းသိမ်းစိုက်ပျိုးပေးခဲ့၍ ယနေ့တိုင် ပလောင်ဒေသရှိ ပလောင်လူမျိုးများက လက်ဖက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ဆောင်ရွက်ရသဖြင့် မျိုးစေ့ချပေးခဲ့သော အလောင်းစည်သူမင်းကြီးအား ကျေးဇူးသိတတ် အောင့်မေ့ဖွယ်အဖြစ် လက်ဖက်ပင်ပူဇော်ပွဲအား နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။
လက်ဖက်ပင်ပူဇော်ပွဲသို့ မန်တုံမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သက်ကြီးဘိုးဘွားများ၊ ပြည်သူများ အများအပြား လာရောက် ပူဇော်ကြကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)