ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့်ပုံ‌ပြောပြိုင်ပွဲကျင်းပ

ပေါက်ခေါင်း ‌စက်တင်ဘာ  ၁၂

ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဦးဆောင်၍ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ပုံ‌ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အသိပညာ‌ပေး‌ဟောပြောပွဲ‌ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဒေါ်ချစ်နှင်းသုန်က “စာဖတ်ခြင်း၏အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။ ထို့‌နောက်ပုံပြောပြိုင်ပွဲကျင်းပရာ အ.ထ.က(ပေါက်ခေါင်း)မှ‌ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)