လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏပြိုင်ပွဲများကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်၊ ဘောလုံးပစ်၊ ဝင်္ကပါ၊ ထိုင်ခုံလု၊ ခွက်ရွှေ့ခြေနင်း၊ စာအုပ်ရွက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့သည်။

ထို့နောက် ကလေးစာဖတ်ခန်းသို့ လာရောက်ကြသည့် ကလေးငယ်များအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ငွေကျပ် ၁ သိန်း ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးငယ်များအား ခရိုင်ဦးစီးမှူးက ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင် ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း