ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမူနည်းပြ သင်တန်းဖွင့်

ဟင်္သာတ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမူသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူ နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာ စကား ပြောကြားရာ “မြန်မာနိုင်ငံအနှံမှ လာရောက်ကြသော သင်တန်းသား သင်တန်းသူများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း သင်တန်းကာလအတွင်း နည်းပြဆရာများက သင်ကြားမှုများကို ဂရုစိုက်သေချာစွာ မှတ်သားလေ့ကျင့် သင်ယူပြီး မိမိတို့နယ်ပယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်မျှဝေပေးစေလိုကြောင်း၊ နည်းပြကောင်း ဆရာကောင်းများ ဖြစ်အောင် ကျိုးစားကြစေလိုကြောင်း၊ ဖြစ်ပေါ်လာမည့် မည်သည့် သဘာဝဘေးမျိုးကိုမဆို စေတနာအရင်းခံ၍ သက်ဆိုင်ရာမိတ်ဖက် ဌာနများ လူမှုရေးအသင်းအဖွဲ့များနှင့် ကြိုးစားပူးပေါင်း နည်းလမ်းပြဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုမှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမူ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းနှင့် နည်းပြဆရာ/ဆရာမများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား (၁၇)ဦး၊ သင်တန်းသူ(၁၇)ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား ၁၂.၉.၂၀၂၂ မှ ၂၃.၉.၂၀၂၂ ရက်နေ့ထိ သင်ကြားပြသသွားမည် ဖြစ်​သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ဥယျာဉ်တောင်ရပ်ကွက်၊ တရုတ်ကျောင်းလမ်းရှိ ခရိုင်လဝက ရုံးသို့ရောက်ရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းများအား EID စနစ်ဖြင့်ဖြည့်သွင်းနေမူအခြေအနေများအား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

ကိုဇော်-ဟင်္သာတ