နွားထိုးကြီးမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေးပြုလုပ်

နွားထိုးကြီး  စက်တင်ဘာ  ၁၂

၂၀၂၂ ခုနှစ် ၊အောက်တိုဘာ()ရက်နေ့တွင်ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင် ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွားထိုးကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့နံနက် နာရီက ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်ဆွေမှ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများ နှင့်အများပြည်သူများ ခြင်ကိုက်မှုလျော့နည်းစေရေး၊ လေဝင်လေထွက်ကောင်မွန်စေရန်၊ စုပေါင်း၍ တံမျက်စီးလှဲခြင်း၊ချုံနွယ် မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံဝင်း အတွင်း၊အပြင်သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ရဲမှူး မင်းဆွေနှင့်တပ်ဖွဲ့ဝင်းများက ဆေးရုံတွင် ဆေးကုသမှု ခံယူနေသောပြည်သူများနှင့် ဆေးရုံပတ်ဝန်းကျင်ရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်စေရေးအတွက် စုပေါင်းသန်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်