လှိုင် စက်တင်ဘာ ၁၂
ပြည်သူများ ရာသီတုပ်ကွေးရောဂါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာမပေါက်ပေါက်နှင့်ရာသီတုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားပြီး စာရေးဆရာမပေါက်ပေါက်မှ တုပ်ကွေးရောဂါစတင် ပေါ်ပေါက်လာပုံအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ၏လက္ခဏာများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်မည့် နည်းလမ်းများအစရှိသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးချက်အပြည့်အစုံအား လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page တွင် လွှင့်တင်ထားကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင်(ပြန်/ဆက်)