ရေတာရှည်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် Mask Campaign ပြုလုပ်ဆောင်ရွက်

ရေတာရှည်   စက်တင်ဘာ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် စက်တင်ဘာ (၁၂)ရက်နေ့ နံနက် () နာရီအချိန်မှစ၍  ရေတာရှည်မြို့အဝင် စစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်သွားလာစေရေး၊  ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရေး အသိပညာပေး ပြောကြားခြင်း၊ Mask  များကို အခမဲ့ဖြန့်ဝေပေး၍ Mask တပ်ဆင်သွားလာမှု မရှိသူများအား  ချက်ချင်းတပ်ဆင်စေခြင်း များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ နှင့် ကြက်ခြေနီအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)