လက်ပံတန်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အသိပညာပေး Talk Show ဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း က မျောက်ကျောက်ရောဂါ စတင်ဖြစ်ပွားပုံ၊ တိရိစ္ဆာန်မှ လူသို့ကူးစက်မှု၊ လူမှလူသို့ ကူးစက်မှုနှင် တစ်ပတ်အတွင်း ကိုပူခြင်း၊ အနီစက်များထွက်ရှိခြင်း၊ ရေပြန်အကြိတ်များရောင်ရမ်းခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ပွားမှု၊ ကာကွယ်ကုသရေးအတွက် ရှောင်ရန်၊ ရောပိုးရှိသူနှင့် ၎င်း၏ အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရန်၊ သားငါးများကို ကျက်အောက်ချက်ပြုတ်စားသောက်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)