ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး   စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ အားကစား၏အကျိုး ကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် သံတံတားရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွင်းဆင်းရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့် အားကစား၏အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးပုံအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျောင်းသား/သူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ Physical Fitness Dance နည်းပြများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင့်နှင့် ဆရာ/ဆရာမများ ဦးဆောင်၍ ကျောင်းသား/သူများ စုပေါင်း၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)