ထားဝယ်မြို့၌ စားအုန်းဆီတစ်ပိဿာလျှင် ၅၆၀၀ ကျပ်ဖြင့် ရောင်းချပေး

ထားဝယ် စက်တင်ဘာ  ၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ စည်ပင်သာယာစျေးကြီး တောင်ဘက်နှင့် ထားဝယ်မြို့ စည်ပင်သာယာစျေးကမ်းနားလမ်းတို့တွင် ယနေ့နံနက်ပိုင်းက  အခြေခံစားကုန်ဖြစ်သည့် စားအုန်းဆီတစ်ပိဿာလျှင် (၅၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ 

အဆိုပါ အခြေခံစားသုံးဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စျေးနှုန်းသက်သာပြီး လွယ်ကူချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ တစ်ပိဿာလျှင် ၅၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးကာ တန်းစီစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။

ယနေ့ စားအုန်းဆီရောင်းချမှုတွင် (၁၃၂၀) ပိဿာကို ရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

နိုင်ဝင်း(အရှေ့တိုင်း)