ရေတာရှည် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီ အချိန်က အ.ထ.က(ရေတာရှည်)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ရေတာရှည်)ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်သဲစုလွင်မှ စားသုံးသူရေးရာဆိုင်ရာများကို လည်းကောင်း မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းစိုးအောင် က မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံ က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/သူများအား စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)