ကမာရွတ် စက်တင်ဘာ ၁၂
နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချပ်ရေးမှူး ဦးကောင်းမြတ်သူ က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ် ဖြင့်လည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့ က ''အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး'' ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံ လက်ထောက်ပညာရေးမှူး ဆရာဦးဆန်းထွန်း က ''စိတ်ဓာတ်ကောင်းပြီးစည်းကမ်းရှိမှတိုးတက်မည်'' ခေါင်းစဉ်ဖြင့် ဟောပြောသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဇူလိူင်မိုးက အခြေခံပညာ အမှတ်(၅) ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး က လက်ခံခဲ့ကြောင်း သိရသည်။
စိမ်းလဲ့