မော်လိုက် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ စုံညီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်က မူးယစ်ဆေးဝါးများ သုံးစွဲရခြင်းနှင့် မူးယစ်ဆေးဝါးသားကောင်အဖြစ် ရောက်ရှိသွားပုံများ၊ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲခြင်းကြောင့် ခံစားကြရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ခဲ့မှုများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများအား ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများအတွက် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ လက်ကမ်းစာစောင်များ နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြသည်။
အဆိုပါ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲသို့ မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ခင်မောင်ကျော်နှင့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး