ကော့မှူး စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီ က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် စာပေကောင်းများအား ပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် ဒေါ်မိုးမိုးက စာရေးဆရာ ပါရဂူရေးသားသည့် နှလုံးအိမ်ထဲကငြိမ်ချမ်းစာအုပ်ထဲမှ ပြဿနာကိုဘယ်လိုရှင်းမလဲခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မောင်ကျော်မျိုးက မေတ္တာရောင်ခြည်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းအဖွဲ့ဝင် ဒေါ်မိုးမိုး က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများ က စာအုပ်ပါအကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ( ကော့မှူး)