သာစည် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက သွားရောက်ကြည့်ရှုအားပေးပြီး Mask Campaignနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များက အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ကျောင်းဆင်းချိန်တွင် ကျောင်းသား/သူများနှင့် ဆရာ/မများအား ပါစပ်နှင့်နှာခေါင်းစည်း (Mask) ၇၅၀ကို ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်ရန်နှင့်နေအိမ်ပြင်ပထွက်သည့်အခါတိုင်း တပ်ဆင်ကြရန် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)