ဘီးလင်း စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်ရေးသားသည့် “ခေါင်းဆောင်မှုလျို့ဝှက်ချက်“ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး (Youth Club )အဖွဲ့ဝင် ဦးပြည့်ဖြိုးမောင် ၊(Woman Club)အဖွဲ့ဝင် ဒေါ်သင်းသင်းထွေးနှင့် (Youth Club) အဖွဲ့ဝင် ဒေါ်မြတ်နန်းအိမ်တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူငယ် လူရွယ်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ ၊စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထူးနောင်