ကျောက်တန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

ကျောက်တန်း  စက်တင်ဘာ  ၁၂

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်နေ့အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများနှင့် အခြေပညာအလယ်တန်းကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်နေမှုကို တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် အထကကျောင်းနှင့် အလကကျောင်းများက ကျောင်းအုပ်ကြီးတို့က ကြည့်ရှုအားပေးသည်။

စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးတို့က၄၇ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အကျွန့်ဆရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲယှဉ်ပြိုင်မှုတွင် ဘဝလမ်းညွှန်၊ ဆရာမွန် ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲခေါင်းစဉ်များအလိုက် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)