ပြင်ဦးလွင်ခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးခိုးမြူငွေ့ အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၃

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များကို ကျင်းပလျက်ရှိပါ ကြောင်း၊ ယခုအခါတွင် မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သက်ဆိုင်ရာဦးစီးဌာနဖြစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဖြင့် ပူးပေါင်းစီစဉ် ကျင်းပရခြင်းကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ထူးနဒီနိုင်က မီးခိုးမြူငွေ့အမျိုးအစားများအကြောင်း၊ လေထုညစ်ညမ်းမှုကို ဖြစ်စေသော မီးခိုးမြူငွေ့များအကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့၏ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များအား  အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)