မိုးညိုမြို့နယ်တွင် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်  ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုးညို   စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ.ထ.ကမိုးညို သရဖူခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်မြို့နယ်ပညာရေးမှူး ဦးသန်းဦးတို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.ကမိုးညိုမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးက ဆုပေးပွဲကျင်းပရခြင်းအကြောင်းနှင့် ဆုများအကြောင်းရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဒုဥက္ကဋ္ဌဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲထွဋ်အောင်၊ အဖွဲ့ဝင်(၂)ဦးစိုးတင့်၊ အတွင်းရေးမှူးရဲမှူးဝင်းကျော်ကျော်လွင်၊ မြို့နယ်ပညာရေးမှူးဦးသန်းဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်စန္ဒာလင်းနှင့် ဆရာ၊ ဆရာမများက သင်ပြမှုထူးချွန်ဆုရဆရာ၊ ဆရာမ(၁၁)ဦး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အတန်းအလိုက်ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူ(၇၇)ဦးတို့အား ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ​ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)