တောင်ကြီး စက်တင်ဘာလ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၅) စက်မှုလယ်ယာစခန်း (ရွှေညောင်မြို့) မှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက်(၉) နာရီခွဲအချိန်က မင်္ဂလာကျေးရွာအုပ်စု၊ ဖက်ပုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းတွင် ရှမ်းပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါသည်။ ယင်းနောက် အမှတ်(၈၅)စက်မှုလယ်ယာစခန်း၊ (ရွှေညောင်မြို့)မှ မြို့နယ်ဦးစီးဌာနမှူး၊ ဦးစီးအရာရှိ၊ ဦးသီဟဇော်က သင်ထောက်ကူပစ္စည်းပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀)ဦး တက်ရောက်သင်ကြားလျှက်ရှိပြီး သင်တန်းကို စက်တင်ဘာ (၁၂) ရက်မှ (၂၃) ရက်အထိ (၁၂) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)