လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

လိပ်သို စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Youth Club) အသင်းတို့ ပူးပေါင်း၍  စာရေးဆရာ ထက်ဝေအောင် (စစ်ကိုင်း) ရေးသားထားသည့် “ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္တုတိုများ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြန်/ဆက်စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် (Youth Club) အဖွဲ့ဝင် ဘွယ်ထူးဖောက “ဘ၀သင်ခန်းစာတစ်ခု” ခေါင်းစဉ်အောက်မှ “ယနေ့ခေတ်ကလေးငယ်များ ဂိမ်းအလွန်အကျွံကစားနေကြပုံကို တွေ့ကြရကြောင်း၊ လူကြီးမိဘ များကလည်း ကလေးများကို အလိုလိုက်ပြီး ဂိမ်းဆော့ရန် ခွင့်ပြုပေးခဲ့ကြကြောင်း၊ ကလေးငြိမ် နေလျှင် နားအေးသည်ထင်မှတ်ကာ ပြီးစလွယ်ပြုလုပ်ခဲ့သော အလေ့အထတစ်ခုဖြစ်ကြောင်း၊ ကလေးများသည် မိဘများခွင့်ပြုခဲ့သော ဂိမ်းကစားခြင်းကို အလုပ်တစ်ခုပမာ စွဲစွဲမြဲမြဲ ဆော့ကစားလာခဲ့ကြကြောင်း၊ စာကြည့်ရမှာပျင်းလာပြီး အချိန်ပြည့်ဂိမ်းဆော့ချင်စိတ် ဖြစ်လာခဲ့ ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသောသူများက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြေင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)