ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း  စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းမြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပညာရေးစစ်ကြောင်းမှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းဦးဆောင်၍ ပညာရေးစစ်ကြောင်းအဖွဲ့ဝင်များက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်ပတ်သက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရန် အသိပညာပေးခြင်း၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ကျောင်းစာကြည်တိုက်အသုံးချတတ်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအဝင်လက်ဆေးရန်၊ Mask များတပ်ဆင်ကြရန်နှင့် ကိုဗစ်စည်းကမ်းလိုက်နာကြရန် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (IPRD)