မကွေး စက်တင်ဘာ ၁၃
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုဖြင့် မကွေးတပ်နယ်မှ မကွေးမြို့ရှိ ဒေသခံပြည်သူများ အား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ ကန်သာဈေးတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆား၊ ငါးပိ၊ ကြက်ဥ၊ ဒေသကြက်များ၊ အမဲသား၊ စည်သွပ်ဗူးများ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ဟင်းသီး/ဟင်းရွက်များအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း (၁၈)မျိုးရှိပြီး ကာကလတန်ဖိုးအနေဖြင့် ငွေကျပ်(၂၈)သိန်းဖိုးခန့် ရောင်းချပေးခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများက လွတ်လပ်စွာ ဝယ်ယူခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)