ရေဖြူ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရေဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက ရေဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမ၌ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ရေဖြူမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်ကပေးအပ်ပြီး ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သီတာတင်တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရေးပေါ်လူနာတင်ယာဉ်တွင် အသုံးပြုရန်ပေးအပ်သော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများမှာ လက်သန့်ဆေးရည် (၁၀) ဘူး၊ Mask (၁၀) ထုတ်၊ အရက်ပျံ (၅) ဘူး၊ လက်အိတ် (၅) ဘူး၊ ဂွမ်းလိပ်အကြီး (၅)၊ ဓာတ်ဆားထုတ် (၃) ဖာတို့ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းဦး