ကော့သောင်း စက်တင်ဘာ ၁၃
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက် သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် Mask Camping လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက်၊အဝိုင်းပတ်လမ်းဆုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အားကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်း စည်းများတပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ပြီး ပြည်သူအများစုနှာခေါင်းစည်းတပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲသို့ မြို့ နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဘော်လံဒီယာအဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်း ဝေငှတပ်ဆင်ပေးသည့် Mask Camping လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)