တပ်ကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်လည်ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ ယနေ့နံနက်ပိုင်းက လူစည်ကားသည့်မြို့တွင်း အောင်သီဟလမ်းနှင့် မြို့အဝင်တိုးဂိတ်တို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခဲ့သည်။