ငါန်းဇွန်မြို့၌ လက်လုပ်လက်စားအိမ်ထောင်စုများထံ သက်သာသောနှုန်းထားဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းရောင်းချပေး

ငါန်းဇွန်  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မဈေးအနီး ပုညပါရမီဆွမ်းလောင်းအသင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊ အလှူရှင်များ ပူးပေါင်းကူညီမှုဖြင့် ယနေ့နံနက် ၈နာရီ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များမှ လက်လုပ်လက်စားအိမ်ထောင်စုများထံ သက်သာသောနှုန်းထား ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အလှူရှင်များသည် မြို့ပေါ်ရပ်ကွက်များမှ လက်လုပ်လက်စားအိမ်ထောင်စု (၅၆၄)စုအား ဆန်(၁)ပြည်လျှင် (၁ဝဝဝိ/-)နှုန်း၊ တစ်အိမ်ထောင်စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် စုစု ပေါင်း ဆန်(၁၁၂၈)ပြည် ရောင်းချပေးပြီး ဆန်လာရောက်ဝယ်ယူသူ ပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)